292766583_1466972150484817_3608138366839177580_n

Coat of Rendering or Plastering


ပန်းရံလုပ်ငန်းပိုင်းဆိုင်ရာအစိတ်အပိုင်းများအပေါ်တွင် သရွတ်ကျံခြင်း/ ချောခြင်း (coat of rendering or plastering) ဆိုသည်မှာ အောက်ခံအုတ်နံရံ/ ကွန်ကရိ မျက်နှာပြင်တပြင်လုံးကို အင်္ဂတေသားဖြင့် ထပ်မံ လွှမ်းအုပ်သည့် လုပ်ငန်းစိတ်တခုပင် ဖြစ်သည်။
အသားသေသွားပြီဖြစ်သည့် အုတ်နံရံ/ ကွန်ကရိနံရံ (non-shrinkage background) ပေါ်သို့ သရွတ်ကျံလိုက်သည့်အခါ သရွတ်၏ တွယ်ကပ်အား (adhesive bond) ကြောင့် သရွတ်ပြင်ထု (မဆလာပြင်ထု) သည် shrinkage ဖြစ်ပွားဖို့အရေး အတိုင်းအတာတခုအထိ ချုပ်တီးခံရသည်။

တနည်းအားဖြင့် ချောထားသည့် မဆလာပြင်ထုသည်အသားငြိမ်နေသော အောက်ခံနှင့် အလုံးစုံတွယ်ကပ်နေမှုကြောင့် ၎င်း မဆလာပြင်ထု ချည်းသက်သက် လွတ်လပ်စွာ ကျုံ့တွခွင့် မရနိုင်ဟု ဆိုလိုသည်။

ထိုကဲ့သို့ ချုပ်တီးခံရမှု (restraint condition) မှတဆင့် shrinkage cracks များ ရုပ်ဆိုးစွာ မပေါ်ပေါက်လာစေဖို့ သရွတ်/ မဆလာ အချိုးအစားအစပ်အဟပ်သည် တပြင်လုံးစာအတွက် တပြေးညီ ဖြစ်သင့်သည်။ (တခါဖျော်တိုင်း ဘိလပ်မြေများသွားခြင်း/ သဲများသွားခြင်း/ ရေများသွားခြင်း… … … အစရှိသည့် တခေါက်နှင့်တခေါက် အစပ်အဟပ်မတူညီခြင်းမျိုး မဖြစ်သင့်ဟု ဆိုလိုသည်။ ဘာသာပြန်သူ)
အစပ်အဟပ် မှန်မှန်ကန်ကန်ဖြင့် ဖျော်စပ်ပြီး သရွတ်/မဆလာ ချောမှ သာလျှင် shrinkage ဖြစ်ပွားလာပါကလည်း thin cracks များအတွင်း ဒဏ်အားပျံ့နှံ့မှု ညီညာပြီး ပပျောက်သွားမည်ဖြစ်သည်။

တဖန် အုတ်နံရံပေါ်တွင် သရွတ်ကျံမည်ဆိုပါက ၎င်းသရွတ်ပြင်နှင့် အောက်ခံအုတ်နံရံတို့ ကောင်းစွာ တွယ်ကပ်မိစေရန် အုတ်စီသည့် အခါကတည်းက အုတ်တလွှားစီပြီးတိုင်း အခင်းနှာ (horizontal joints)၊ ဒေါင်နှာများ (vertical joints) ကို သံလျက်ဖြင့် ခြစ်ခြင်း/ နှိုက်ခြင်း (raking of joints) သည် အထောက် အကူဖြစ်စေသည်။
၎င်းသည် အရေးကြီးသော အလေ့အကျင့်ကောင်း တခုလည်းဖြစ်သည်။

အုတ်တလွှာနှင့် တလွှာအကြား၊ တလုံးနှင့်တလုံးအကြားရှိ သရိုးထုကို ချိုင့်အောင်နှိုက်ခဲ့ခြင်းဖြင့် သရွတ်ချောသည့်အခါ အကုပ် အတွယ်ကောင်းစေသည့် အထစ် (a good key) ကို ရရှိစေသည်။
အောက်ခံမျက်နှာပြင် (background) သည် shrinkage ကြောင့်ဖြစ်လာနိုင်သော ဒဏ်အားများကို ခုခံနိုင်သည့် တောင့်တင်းကြံ့ခိုင်မှုမျိုးရှိသင့်သည်။
၎င်း အောက်ခံမျက်နှာပြင်ပေါ်တွင် တင်၍ ချောမည့် သရွတ် (palster) သည် မူလအောက်ခံထက် ပိုမိုတောင့်တင်း ကြံ့ခိုင်မှုမျိုး ဖြစ်မနေသင့်။
အပေါ်တွင် တွယ်ကပ်နေမည့် သရွတ်သည် အောက်ခံထက် တောင့်တင်းကြံ့ခိုင်နေပါက အတိုင်းအတာတခုရှိသော သက်ရောက်အား (sufficient force) ခံစားရသည့်အခါ ဘိလပ်မြေပေါပေါများများနှင့် စီးကပ်မှု ကောင်းလွန်းအောင် ဖျော်စပ်ထားသည့် သရွတ်ထု (a rich and strong mortar) ၏ ကျုံ့တွမှုနောက်သို့ ၎င်းလောက် အားမကောင်းသည့် အုတ်မျက်နှာပြင်လွှာများ (surface of weak bricks) သည် ကပ်ပါသွားပြီး အချပ်လိုက်ကွာသည့် သာဓကများရှိခဲ့ဖူးသည်။

==================================
Handbook on Causes and Prevention of Cracks in Buildings_Bureau of Indian Standards စာအုပ် ကို တိုက်ရိုက်ဘာသာပြန်ဆိုသည်။
==================================
All credit goes to sir Kyaw Zin Hein
Photo – Sir Kyaw Zin Hein facebook post
==================================

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *